စာရေးသူ

အားလုံးမြင်နိုင်ရန်
Dennis Fisher

ဒဲနစ် ဖစ်ရှာ

ဒဲနစ် ဖစ်ရှာ (Dennis Fisher )သည် ကယ်လီဖိုးနီးယား တောင်ပိုင်းအရပ်ဒေသရှိ အသင်းတော်တစ်ခု၏ စည်းဝေးပွဲတွင် သခင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သည်။ သူက "ကျွန်တော်ဟာ အလွန်းဆိုးရွားတဲ့ အပြစ်ရဲ့ကျေးကျွန်ဖြစ်ခဲ့ပါတယ်။ သခင်ယေရှုကို လက်ခံပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာအတွင်းထဲမှာ ရေချိုးသန့်စင်သွားသလိုမျိုး ခံစားရတယ်"ဟု ပြောသည်။ ဆရာကြီးသည် မူးဒီ ကျမ်းစာကျောင်း (Moody Bible Institute) ၌ ဧဝံဂေလိတရားနှင့် တပည့်တော်ဖြစ်စေခြင်း ပညာရပ်တို့၏ ပါမောက္ခအဖြစ် (၈) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သူသည် Our Daily Bread Ministries ၌ စီနီယာ သုသေသီ စာတည်း အဖြစ် ဆက်ကပ်လုပ်ဆောင် ခဲ့သည်။ ယခုတွင် ဆရာကြီးသည် အနားယူသွားပြီ ဖြစ်သော်လည်း သာသနာ့လုပ်ငန်းအတွက် စာရေးသူ၊ ဝေဖန်ချက်ရေးသူ အဖြစ် ဆက်လက် ကူညီပေးလျက်ရှိပါသည်။ သူ၌ သားသမီးနှစ်ဦး၊ မြေးတစ်ဦးရှိသည်။ ဆရာကြီးနှင့်ဇနီး ဆရာမ ဂျဲနက်(Janet) တို့သည် ကယ်လီဖိုးနီးယား ပြည်နယ် စန်ခရေမန်တို ဒေသ၌ နေထိုင်သည်။

စာမူ/ အကြောင်းအရာ များ ဒဲနစ် ဖစ်ရှာ

ပရဒိသုဘံု အ၀င္တံခါး

အီတာလျံ အနုပညာရှင် လိုရန်ဇို ဂီဘာတီ (၁၃၇၈-၁၄၅၅) သည် အီတလီ ဖလောရင့် ရေနှစ်ခြင်းကန်ရှိရာ အဆောက်အဦ၏ကြေးတံခါးများတွင် ယေရှုသက်တော်စဉ် ရုပ်ပုံ များကို ကျွမ်းကျင်လိမ္မာစွာနှင့် နှစ်အတော်ကြာကြာ အချိန်ယူ ထွင်းထုခဲ့သည်။ ဤ ကြေးအနုပညာလက်ရာများသည် စိတ်တွင် မိန်းမောခံစားသွားစေနိုင်၍ မိုက်ကယ် အင်ဂျလို က ယင်းကို ပရဒိသုဘုံအ၀င်တခါး ဟုခေါ်ဆိုခဲ့သည်။
လက်ရာမြောက် အဖိုးတန်အနုပညာ တစ်ဖြစ်လဲ တံခါးများသည် လာရောက်လည်ပတ်သူများအား ဧ၀ံဂေလိ
သတင်းစကားကို ပဲ့တင်ထပ်ပြောကြားနေသည်။ “ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ် လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်” ဟု သခင်ယေရှု မိန့်ကြားထားသည် (ယော ၁၀း၉)။ ကားစင် မတင်မီည၌ သခင်ယေရှုက တပည့်တော်များကို “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့…

အတောင်ပံများဖြင့်

အယ်လင် တန်းနင့် သည် ‘‘အတောင်ပံများဖြင့်’’ အမည်ရှိ စာအုပ်၌ လှည့်လည်သွားလာသော သိမ်းငှက်များ၏ရွှေ့ပြောင်းသွားလာမှုကို အားထုတ်လျက် ခြေရာခံခြင်းအကြောင်းကို မှတ်တမ်းတင်ထားသည်။ သူတို့၏အလှ၊ လျင်မြန်မှုနှင့်အစွမ်းကြောင့်  အံ့ဖွယ် ဤအမဲလိုက် ငှက်များသည်  တန်ဖိုးထားခံရပြီး၊ ဧကရာဇ်မင်းနှင့်ဂုဏ်အရေရှိသူများ၏ အနှစ်သက်ဆုံး အမဲလိုက်ဖော်များဖြစ်သည်။ ၀မ်းနည်းစရာမှာ ၁၉၅၀ ပြည့်နှစ်
များတွင် ဒီတီတီ ပိုးသတ်ဆေးကို ကျယ်ပြန့်စွာ အသုံးပြုခြင်း ကြောင့် ထိုငှက်များ၏မျိုးပွားပေါက်ဖွားမှုကို ထိခိုက်စေခဲ့ပြီး ပျောက်ကွယ်လုနီးပါး မျိုးစိတ်များစာရင်းတွင် ပါဝင်ခဲ့ရသည်။
ထိုသိမ်းငှက်မျိုးစိတ်များ ပြန်လည်တိုးပွားလာရေးကို စိတ်ဝင်စားခြင်းကြောင့် ထိုငှက်များ၏ရွှေ့ပြောင်းသွားလာမှုကို ခြေရာခံရန် သိမ်းငှက်အနည်းငယ်ကို ရွေးချယ်၍ နောက်ယောင်ခံ
ကရိယာများကို တပ်ဆင်ပေးခဲ့သည်။ သို့သော် ထိုငှက်များ နောက်မှ သူနှင့်သူ၏လေယာဉ်မှူးတို့ လိုက်ပါပျံသန်းသောအခါ နောက်ယောင်ခံ ကိရိယာ၏အချက်ပြမှုကို မကြာခဏ မျက်ခြည်ပြတ်ခဲ့သည်။ နည်းပညာများ မည်မျှပင် တိုးတက်စေကာမူ သူတို့ကူညီချင်သည့်ငှက်များကို အစဉ်အမြဲ ခြေရာခံရန် မဖြစ်နိုင်ခဲ့ပါ။…

ချယ်ရတီကျွန်း

မီချီဂန် ဟူရွန်(Huron)အိုင်ရေပြင်၊ စာဂီနော(Saginaw) ပင်လယ်အော်ရှိ ကျွန်းများတွင် ချယ်ရတီကျွန်း (Charity Island)သည် အကြီးဆုံးကျွန်းဖြစ်သည်။ ဤကျွန်းတွင် မီးပြတိုက်နှင့်လုံခြုံသော ဆိပ်ကမ်းရှိခြင်းကြောင့် ၎င်းရေပြင်ကို ဖြတ်သန်းသွားလာသော သင်္ဘောများအတွက် နှစ်ပေါင်းများစွာ အထောက်အကူပြုခဲ့သည်။ ကျွန်း၏နာမည် ဖြစ်ပေါ်လာပုံမှာ သင်္ဘောသားများက ၎င်းကျွန်း ထိုနေရာ၌ ရှိနေခြင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်အားဖြင့် ပေးသနားတော်မူခြင်း ဖြစ်သည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဘ၀အသက်တာ၌ ဒုက္ခ
ပင်လယ်ကို ဖြတ်သန်းရွက်လွင့်ရသောအချိန်များရှိသည်။
ထိုသင်္ဘောသားတို့ကဲ့သို့ပင် ကျွန်ုပ်တို့လည်း လမ်းပြမှုနှင့် လုံခြုံသောနေရာကို လိုအပ်သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ချယ်ရတီ ကျွန်းလေးကို တောင့်တမိမည်ပင်။ ဘုရား သခင်သည် ဒုက္ခရေပြင်များကို ငြိမ်သက်စေနိုင်ပြီး ကျွန်ုပ်
တို့အား လုံခြုံသည့် ဆိပ်ကမ်းသို့ လမ်းပြပို့ဆောင်ပေးနိုင် တော်မူကြောင်းကို ဆာလံဆရာက ကောင်းစွာ နားလည်ခဲ့သည်။ သူက ‘‘လေပြင်းကို ပျောက်စေတော်မူ၍၊ လှိုင်းတံပိုးများလည်း…

ဘုရားရှင်အတူရှိ၍ ၀မ်းမြောက်ခြင်း

“လူသား၏တာဝန်အချုပ်အခြာမှာ ဘုရား၏ဘုန်းကိုထင်ရှားစေရန်နှင့် ကိုယ်တော်၌ ထာဝရ ပျော်မွေ့ရန် ဖြစ်သည်” ဟု Westminister Catechism ကဆိုသည်။ ကျမ်းစာမှ ကျမ်းပိုဒ် အများစုသည် ၀မ်းမြောက်ရွှင်လန်းလျက် ကျေးဇူးသိတတ်ရန်၊ အသက်ရှင်သော ဘုရားအား ပြပ်ဝပ်ကိုးကွယ်ရန် နှိုးဆော်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ချီးမြှောက်လျှင် ကောင်းမြတ်သော ဆုကျေးဇူးကောင်းချီးမင်္ဂလာအပေါင်း စီးဆင်းရာ အရင်းအမြစ်အဖြစ် ကိုယ်တော်ကို ကျွန်ုပ်တို့ ချီးမွမ်းခြင်းဖြစ်သည်။
စိတ်နှလုံးမှ ကိုယ်တော်ကိုချီးမွမ်းလျှင် မိမိကိုယ်ကို ၀မ်းမြောက်စရာအဖြစ်၌ ကျွန်ုပ်တို့တွေ့မြင်ရပြီး ထိုသို့ ၀မ်းမြောက်ရန် ကျွန်ုပ်တို့ ဖန်ဆင်းခံရပါသည်။ လှပသော နေ၀င်ဆည်းဆာရှုခင်း၊ ငြိမ်းချမ်းစိမ်းလန်းသော မြက်ခင်းပြင်
ရှုခင်းများက ဖန်ဆင်းရှင်၏အံ့မခန်းကြီးမြတ်မှုကို ပြညွှန်နေ သကဲ့သို့ ပြပ်ဝပ်ကိုးကွယ်ခြင်းကလည်း ကိုယ်တော်နှင့် ကျွန်ုပ်တို့ကို စိတ်ချင်းနီးကပ်ရင်းနှီးစေသည်။ ဆာလံဆရာက “ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ . . . ထာဝရဘုရားသည် ပဌနာပြုသောသူ အပေါင်း…

မီးနှင့် ကစားခြင်း

ကျွန်တော်ငယ်စဉ်က `မီးနဲ့ ဘယ်တော့မှ မဆော့ရဘူးနော်´ဟု အမေက သတိပေးသည်။ သို့သော်လည်း တစ်နေ့တွင် `ဆော့လိုက်ရင် ဘာဖြစ်မလဲ´ဟု သိချင်စိတ်နှင့် စမ်းကြည့် ခဲ့သည်။ မီးခြစ်ဆံတစ်ဗူးနှင့် စာရွက်အနည်းငယ်ယူ၍ အိမ်နောက်ဖေးသို့ သွားကာ ရင်တမမနှင့် မြေကြီးပေါ် ဒူးထောက်လိုက်ပြီး မီးခြစ်ဆံကို ခြစ်၍ မီးမွေးလိုက်သည်။
ရုတ်တရက် အမေက ကျွန်တော့်အနားသို့ ရောက်လာ၍ အမေကျွန်တော့်ကို မမိအောင် မီးတောက် ပေါ်တွင် ခြေထောက်နှင့် ကာလိုက်သည်။ သို့သော် အမေက ‘‘ဒဲနီ ခြေထောက်ကို ရွှေ့လိုက်၊ အောက်မှာ မီးတွေ’’ ဟု အော်လိုက်သည်။ ခြေထောက် အရွှေ့မြန်သောကြောင့် မီးမလောင်ခဲ့ပါ။ မီးနှင့် မကစားရဟု ပြောထားသည့် အမေ့ စည်းကမ်းက ကျွန်တော့် ပျော်ရွှင်မှုကို ဖျက်ဆီးရန်အတွက် မဟုတ်ဘဲ၊ ကျွန်တော့်ကို ဘေးကင်း လုံခြုံစေရန် ဖြစ်ကြောင်း ကျွန်တော် နားလည်လိုက်ပါသည်။…

စွန့်ပစ်ခံရသည် ဟု ခံစားရခြင်း

The Screwtape Letters စာအုပ်တွင် မကောင်းဆိုးဝါးအကြီးနှင့်အငယ် နှစ်ကောင်တို့သည် ခရစ်ယာန်တစ်ဦးအား မည်ကဲ့သို့ စနစ်တကျသွေးဆောင်ရမည်နည်းဟု တိုင်ပင် နေကြပုံကို ဆရာကြီး စီ အက်စ် လူးဝစ်က စိတ်ကူးယဉ်ရေးဖွဲ့ထားသည်။ ၎င်းတို့မှာ ယုံကြည်သူတစ်ဦး၏ ဘုရားအပေါ်ယုံကြည်ခြင်းစိတ်ကို ဖျက်ဆီးလိုကြသည်။ ‘‘မင်း အလှည့်စား မခံရစေနဲ့ကွ၊ လူသားတစ်ယောက်က ဘုရားရဲ့ အရိပ်အယောင် ပျောက်ကွယ်နေပုံပေါ်တဲ့ စကြ၀ဠာကြီးကို ကြည့်ပြီး သူ့ကို ဘာကြောင့် စွန့်ပစ်တာလဲလို့ ဘုရားသခင်ကို မေးပေမဲ့ ဆက်ပြီး နာခံခြင်းရှိနေတယ်။ ငါတို့အတွက် ဒီထက်ဆိုးတဲ့ကိစ္စ မရှိဘူး’’ ဟု မာရ်နတ်အကြီးကောင်က အငယ်ကောင်ကို ပြောပြသည်။
စွန့်ပစ်ခံရသကဲ့သို့ ခံစားနေရသော်လည်း ယုံကြည်
ခြင်းဖြင့် ဘ၀ရှင်သန်လှုပ်ရှားကြသူများအကြောင်း ဥပမာ
များစွာကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ သူ့စည်းစိမ်
ကို အမွေခံမည့်သူကို ပေးမည်ဟူသည့် ကတိတော်ကို ဘုရားက အလေးမထားဟု အာဗြံဟံ…

ဘုရားဘုန်းတော်ကို ထင်ဟပ်ပြခြင်း

၁၂ ရာစု ခေတ်က တရုတ်ပန်းချီပညာရှင် လီ တိုင်းသည် ကျေးလက်ရှုခင်းပုံများ
ရေးဆွဲရာတွင် လူ၊ ငှက်၊ ကျွဲ စသည်တို့ကို အသက်ဝင်လှစွာ ထည့်ဆွဲခဲ့သည်။ ပိုးထည်စ
ပေါ်တွင် လှပသေသပ်ကောင်းမွန်စွာ တစ်မူထူးသောပါရမီဖြင့် ရေးဆွဲနိုင်သဖြင့် သူ့အား
တရုတ်ပြည်၏ ရှုခင်းအနုပညာရှင် ဆရာတစ်ဆူအဖြစ် သတ်မှတ်ခဲ့သည်။ ရာစုနှစ်ပေါင်း
များစွာ ကမ္ဘာတစ်ဝန်းမှအနုပညာရှင်များသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အနုပညာ
လက်ရာများကို သူတို့မြင်သည့်အတိုင်း ရေးဆွဲချယ်မှုန်း
ခဲ့ကြသည်။ ‘‘မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်း
အသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည်
လက်တော်နှင့် လုပ်သော အရာများကို ပြသ၏’’ (ဆာ ၁၉း၁)။
ကျွန်ုပ်တို့သည် မဟာဖန်ဆင်းရှင် ဘုရားသခင်၏
ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခံရခြင်းကြောင့် လူသားများ
အနေဖြင့် ကျွန်ုပ်တို့တီထွင်ဖန်တီးနိုင်ကြခြင်းဖြစ်သည်ဟု
သမ္မာကျမ်းစာမှ ဖော်ပြထားသည်။ ရှေးခေတ်က ဣသရေလ
လူတို့ ထာဝရဘုရားအား…

သစ္စာရှိစွာ အစေခံခြင်း

ပထမကမ္ဘာစစ်တွင် စစ်မှုထမ်းခဲ့ရသောကြောင့် C.S. Lewis သည် စစ်တပ်၏
ဖိအားများနှင့် မစိမ်းပါ။ ဒုတိယကမ္ဘာစစ်အတွင်းတွင် သူသည် စစ်သားတစ်ယောက်
ရင်ဆိုင်နေရသော ခက်ခဲကြမ်းတမ်းမှုအကြောင်းကို လူထုမိန့်ခွန်းတစ်ရပ် ခြွေခဲ့သည်။
‘‘ကျွန်ုပ်တို့ ကြောက်ရွံ့နေတဲ့ အခက်အခဲ ပြဿ       နာပေါင်းစုံဟာ
စစ်မှုထမ်းနေတဲ့ စစ်သားတစ်ယောက်ရဲ့ ဘ၀ထဲမှာ စုပေါင်း
ရှိနေတယ်။ ဖျားနာသလိုမျိုး နာကျင်ခံစားရတယ်။ သေခြင်းက
ခြောက်လှန့်တယ်။ ဆင်းရဲမွဲတေမှုတွေလိုပဲ၊ စားဝတ်နေရေး
ခက်ခဲတယ်။ အအေးဒဏ်၊ အပူဒဏ်၊ ဆာလောင်ငတ်မွတ်မှု
ဒဏ်တွေခံရတယ်။ ကျွန်တွေလိုပဲ ပင်ပန်းရုန်းကန်ရတယ်။
အနှိမ်ခံရတယ်။ မတရားခံရတယ်။ ရက်စက်စွာ အုပ်ချုပ်ခံ
ရတယ်။ နယ်နှင်ဒဏ်ခံရသလိုပဲ ကိုယ်ချစ်ခင်ရသူတွေနဲ့
ကွဲကွာစေတယ်။’’
ခရစ်တော်အတွက် အစေခံခြင်းအမှုတော်တွင်
ယုံကြည်သူများ တွေ့ကြုံရင်ဆိုင်ရနိုင်သော အခက်အခဲလမ်းကြမ်းများကို စစ်သားတစ်ဦး
ရင်ဆိုင်ရသော အခက်အခဲများနှင့် တမန်တော်ရှင်ပေါလုက နှိုင်းယှဉ် ဖော်ပြထားသည်။…

ဘုရားသခင်၏ဘီးတပ်ကုလားထိုင်

ဂျင်းဒရော့စကောလ်သည် အံ့မခန်းအပြေးမယ်တစ်ဦးဖြစ်သည်။ သူမသည် ဘော်စတွန် မာရသွန်ပြိုင်ပွဲကို ၈ ကြိမ်တိုင် အောင်နိုင်ခဲ့သည်။ နိုင်ငံတစ်ကာ မသန်စွမ်းအားကစားပွဲ၌ ၄ ကြိမ် ပါဝင်ဆင်နွှဲခဲ့ပြီး ရွှေတံဆိပ်ငါးခု ဆွတ်ခူးခဲ့သည်။ မွေးရာပါကျောရိုးဖွံ့ဖြိုးမှုမရှိခြင်းကြောင့် အောက်ပိုင်းသေနေ၍ ဘီးတပ်ကုလားထိုင်ဖြင့် ပြိုင်ပွဲဝင်ခဲ့သည်။

ဒံယေလ၇း၉သည် သူမနှစ်သက်သော ကျမ်းပိုဒ်များအနက်တစ်ပိုဒ်ဖြစ်သည်။ “အသက် ကြီးသောသူတစ်ဦး ထိုင်တော်မူ၏။... ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။” ဘုရားသခင်ထံမှ ဒံယေလရရှိသော ရူပါရုံနှင့် သူမ၏အခြေအနေကိုဆက် စပ်ပြီးအခြားသူများကိုအားပေးစကားပြောနိုင်ခဲ့သည်။“ဘီးတပ်ကုလားထိုင်ကိုအသုံးပြု နေရသူများ၊ ထိုသို့အသုံးပြုနေရ၍ အားငယ်စိတ်ပျက် နေသူတွေနဲ့တွေ့ပြီး စကားပြောခွင့်ရတိုင်း ကျွန်မက သူတို့ကို ‘ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နဲ့   အညီမင်းတို့ကို ဖန်ဆင်းထားတာမကဘူး၊ ကိုယ်တော် ဘုရားသခင်ရဲ့ ပလ္လင်တော်ကိုလည်း မင်းတို့ရဲ့ ဘီးတပ်ကုလားထိုင်ပုံလို ပြုလုပ်ထားတယ်’ လို့ ပြောတာပဲ။”

ဒံယေလ၏ရူပါရုံက ဘုရားသခင်ကို မလှုပ်ရှားနိုင်၊ ချို့ယွင်းနေသူအဖြစ် သရုပ်ဖော်ထား ခြင်းမဟုတ်ပါ။ အမှန်စင်စစ် ဘုရားသခင်၏…

စွန့်လွတ်စွန့်စား

စတန့်မင်းသား ဟော နီဒမ်က ၄င်း၏ “ကြံ့ကြံ့ခိုင်ခိုင် ဟောလီးဝုဒ် စတန့်မင်းသားဘ၀” ဟူသည့်စာအုပ်၌ သူ့စွန့်စားခန်းများကို ရေးသားဖော်ပြသည်။ အနိုင်အရှုံးပေါ်သည်အထိ လက်သီး ယှဉ်ထိုးခြင်း၊ အရှိန်ပြင်းပြင်းနှင့် ကားပြိုင်မောင်းခြင်း၊ ဝေဟင်ထဲ၌ လေယာဉ်တောင်ပံပေါ် လမ်း လျှောက်ရခြင်း၊ မြင်းပေါ်မှ ပြုတ်ကျခြင်း၊ မီးလောင်တိုက် အသွင်းခံရခြင်း စသည်တို့ ပါဝင်သည်။ ရုပ်ရှင်ကြည့် ပရိသတ်များကို ဖျော်ဖြေတင်ဆက်ရန် သူ့ကိုယ်သူ ဟောလီးဝုဒ်၏ အတော်ဆုံး စတန့် မင်းသားအဖြစ် ထင်ပေါ်အောင် သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့သည်။

ပေါလုနှင့် ဗာနဗတို့သည်လည်း “မိမိအသက်ကို စွန့်စားသောသူ”များ ဖြစ်သည် (တ ၁၅း၂၆)။ သို့သော် သူတို့၏စွန့်စားရသည့်အကြောင်းရင်းက ဟော နီဒမ်နှင့် တစ်ခြားစီပါ။ ဧ၀ံဂေလိ သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ခရစ်တော်ကိုချီးမြှောက်ရန်မှာ သူတို့၏ရည်မှန်းချက် ဖြစ်သည်။ ရောမအင်ပါယာအတွင်း၌ အမှုတော်ဆောင်တစ်ဦးအနေဖြင့် ရှင်ပေါလုသည် သင်္ဘော ပျက်သည့်ဘေးနှင့် ကြုံခဲ့ရသည်။…